သထုံပျက်စီးခြင်း

သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီး မနုဟာမင်းကိုပေါက္ကံရာမပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋကတ် သုံးစုံနှင့်ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန် ပုဂံပြည်သို့ယူဆောင်ခဲ့၏။ မနူဟာမင်းကားတန်ခိုးကြီးသည်ဟု ဆိုလေသည်။ စကားပြောသောအခါတွင်လည်း ခံတွင်းမှ အရောင်များထွက်နေသည်ဆို၏။ အနော်ရထာမင်းလည်း မနူဟာမင်းကို ပုဂံပြည်တွင်အကျဉ်းချထားလေ သည်။ မနူဟာမင်းလည်း ’’ငါသည် ဝိပါကဝဋ်ကြွေးကြောင်းဖြစ်သည်’’ဟု တွေးမိသဖြင့် အလှူဒါနပေးပြီး…

0 Comments

ဆီဆိုင်မြို့ကို တည်ထောင်ခြင်း

သထုံကလေးခေါ်ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်သည့်အကြောင်းနှင့်ပက်သက်၍၊ တစ်ခါကဆီဆိုင်မြို့စားဖြစ်ခဲ့သော စဝ်ခွန်ကြည်၏မှတ်တမ်းမှ ဖော်ပြလိုပါသည်။ ရှမ်းဘားသာဖြင့် ’’ဆထုံး’’ ခေါ် မြန်မာဘာသာဖြင့် ’’သထုံ’’ မည်သော ဤသထုံသည်မြန်မာပြည် တနသာၤရီမှပအိုဝ်းလူမျိုးတို့သည် အောက်မြန်မာပြည်ရှိ သထုံပြည်ပျက်စီးပြီးနောက် လာရောက်နေထိုင်ကြ သော ပထမရပ်ကွက်ဖြစ်သည်။ အောက်မြန်မာပြည်မှသထုံပြည်ကို အနော်ရထာမင်းစော တိုက်၍ပျက်ဆီး ပြီးနောက် နှစ်ပေါင်းမည်မျှကြာမှ လာရောက်နေထိုင်သည်ကိုကား မှတ်တမ်းများမရှိတော့သည်ကို ဖြစ်၍ မသိတော့ချေ။ မြန်မာပြည်သထုံမှလာရောက်၍ ရှေးဦးစွာပအိုဝ်းတို့နေထိုင်ကြသော ကရင်ဘာသာဖြင့်…

0 Comments

ပအိုဝ်းလူမျိုးတို့ ဆင်းသက်လာပုံ

ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာ သောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍ ပြောင်းရွေ့ကြပြန် ၏။ ထိုသို့ပြောင်းရွေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှ တစ်ဆင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ပါသည်။ မြန်မာပြည်တွင်းသို့ အုပ်စုသုံးစုကွဲ၍ ဝင်ရောက်လာကြ၏။ ယင်းအုပ်စု သုံးစုမှာ ---…

0 Comments