ပအိုဝ်းနှင့် မွန်
သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံ နေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇာဝင်တွင် ’’ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်တွက်ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကိုနှင့်ထုတ်ရသည်’’ဟုဖော်ပြ ထားသည်။ ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ ’’သုဝဏ္ဏပကာသနီကျမ်း’’ စာအုပ် တွင်မနုဟာမင်းသည် အရမညမင်း၏သားတော်ဖြစ်၏။ အရမညမင်း၏ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာပအိုဝ်းလူမျိုးဖြစ်သည်ဟု’’ ရေးသားဖော်ပြထားသည်။ အထက်ပါ အကြောင်းအရာများကိုထောက်လျှင် ပအိုဝ်းတိုင်းရင်းသားနှင့်မွန်တိုင်းရင်းသားတို့သည် အောက်မြန်မာပြည်တွင်ချစ်ခင်ရင်းနှီးစွာ ရောယှက်နေထိုင်ခဲ့ကြကြောင်း ထင်းရှားပေသည်။ ယနေ့တိုင် အောင်ပြင်ပအိုဝ်းတိုင်းရင်းသားတို့သည်…