သထုံပျက်စီးခြင်း
သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီး မနုဟာမင်းကိုပေါက္ကံရာမပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋကတ် သုံးစုံနှင့်ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန် ပုဂံပြည်သို့ယူဆောင်ခဲ့၏။ မနူဟာမင်းကားတန်ခိုးကြီးသည်ဟု ဆိုလေသည်။ စကားပြောသောအခါတွင်လည်း ခံတွင်းမှ အရောင်များထွက်နေသည်ဆို၏။ အနော်ရထာမင်းလည်း မနူဟာမင်းကို ပုဂံပြည်တွင်အကျဉ်းချထားလေ သည်။ မနူဟာမင်းလည်း ’’ငါသည် ဝိပါကဝဋ်ကြွေးကြောင်းဖြစ်သည်’’ဟု တွေးမိသဖြင့် အလှူဒါနပေးပြီး…