အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ် ပင်ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ် သည်။ အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန် စိတ်ဓာတ်များ၊ အမျိုးသားရေး စိတ်ဓာတ်များ ထက်မြက် ရှင်သန်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် လှုံ့ဆော်ပေး သည့်နေ့ပင် ဖြစ်လေသည်။ ထို့ကြောင့်အမျိုးသားနေ့သည် လူတိုင်းအတွက် ထူးခြားသည့်နေ့ပင်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ထူးခြားသည့် သမိုင်းအစဉ်အလာကို အကြောင်းပြု၍“ ဒဲဉ်သီလာဗွေ” (တပေါင်းလပြည့်နေ့) ရောက်တိုင်း“ ပအိုဝ်းအမျိုးသားနေ”့ကို နှစ်စဉ်မပျက် ကျင်းပလျက်ရှိ သည်။ ဤပအိုဝ်းအမျိုးသား နေ့နှင့်ပက်သက်၍် ဖော်ပြရသော် ပအိုဝ်းတိုင်းရင်းသားတို့သည် ကျေးဇူးတရား သိရှိမှု၊ ကျေးဇူးတရားကို နားလည်းသဘောပေါက်မှုစသော ဗုဒ္ဓဘာသာ၏ အဆုံးအမကို လေးစားယုံကြည် စွာ နှလုံးသွင်းကြသူများ ဖြစ်ကြ၏။ အမျိုးသားနေ့သည် မိမိလူမျိုး ဘိုးဘွားမျိုးနွယ်ဆက်များ၏ ကျေးဇူး တရားကို အောက်မေ့သတိရသည့်စိတ်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားနေ့သည် ကျေးဇူးတရားကို သိမှုမှ စတင်ခဲ့သည်ဟု ဆိုနိုင်၏။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်၊ မဟာသက္ကရာဇ်(၃)နှစ် တပေါင်းလပြည့်၊ စနေနေ့၊ လဝင်နေ ထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သောအချိန်တွင် မင်းတစ်ပါး ဖွားမြင်ခဲ့သည်။ ထိုမင်းသည် လဝင်နေထွက်အချိန်တွင် မွေးဖွားသဖြင့် သူရိယစန္ဒာဟုခေါ်သည်။ သူရိယစန္ဒာမင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသော ခေတ်ကာလကို ဖန်းတီးပေးခဲ့၏။ သထုံမြို့ရှိ လေးဆူဓာတ်ပုံ ရွှေစာရံစေတီတော်ကို တည်ခဲ့သည့် သာသနာ့ ဒါယကာမင်းမြတ်ဖြင့်၏။ ဤကျေးဇူးတရားများကို အောင့်မေ့သောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော သူရိယန္ဒာမင်း၏ မွေးနေ့ဖြင့်သည့် တပေါင်းလပြည့်နေ့ကို“ပအိုဝ်းအမျိုး
သားနေ့” (ဒဲဉ်သီလာဗွေ) အဖြစ်သတ်မှတ်ကြခြင်းဖြစ်သည်။
ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည် လုပ်ငန်းခွင်ပြီးစီးသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲကို ကျင်းပကြ၏။ ကောက်ဦးတင်ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော်၊ မိအိုဖအိုအကြီးအကဲများကို ဆွမ်းဦးကပ် လှူကာ ကောက်ဦးကျွေးမွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။ ကောက်ဦးတင်ပူဇော်ပွဲတွင် တောင်ပေါ်မြေ ပြန့် ရပ်နီးရပ်ဝေးဆွေးမျိုးများ တစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့သည်။ ထို့ကြောင့်တပေါင်းလပြည့် (ဒဲဉ်သီလာ ဗွေ)နေ့ရောက်တိုင်း ရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကို ကောက်ဦးပူဇော်ပွဲ၊ ဆွေမျိုုးတွေ့ဆုံပွဲလုပ်ရာမှာ ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ရသည်။
ယခင်က ရန်ကုန်တက္ကသိုလ်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေတို့တွင် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တက္ကသိုလ်များ ပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီက နှစ်စဉ်နှစ်တိုင်း ဦးစီးကျင်းပခဲ့သည်။ ယခုအခါ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့်ဘဲ ပိုမိုကျယ်ပြန့် သစ်လွင်သော အဓိပ္ပါယ်နှင့် အနှစ်သာရကို ဆောင်ယူနိုင်မည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပလာ ကြသည်ကို တွေ့ရပေသည်။ တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေးစသည့် ပိုမိုကျယ်ပြန့်သော ဦးတည်ချက်များဖြင့် ကျင်းပလာကြသည့်အပြင်၊ နိုင်ငံတော်က သာသနာရေးဆိုင်ရာ ဘွဲ့ထူး၊ ဂုဏ်ထူးဆပ်ကပ်ရသည့် သံဃာတော်များကို ချီုးကျူးဂုဏ်ပြုပူဇော်ခြင်း သက်ကြီးရွယ်အိုများအား ရိုသေကန်တော့ခြင်းစသည့် ဘာသာရေး၊ လူမှုရေးများကို ပြုလုပ်ကျင်းပလာ သည်ကို တွေ့ရပေသည်။