သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီး မနုဟာမင်းကိုပေါက္ကံရာမပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋကတ် သုံးစုံနှင့်ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန် ပုဂံပြည်သို့ယူဆောင်ခဲ့၏။
မနူဟာမင်းကားတန်ခိုးကြီးသည်ဟု ဆိုလေသည်။ စကားပြောသောအခါတွင်လည်း ခံတွင်းမှ အရောင်များထွက်နေသည်ဆို၏။ အနော်ရထာမင်းလည်း မနူဟာမင်းကို ပုဂံပြည်တွင်အကျဉ်းချထားလေ သည်။ မနူဟာမင်းလည်း ’’ငါသည် ဝိပါကဝဋ်ကြွေးကြောင်းဖြစ်သည်’’ဟု တွေးမိသဖြင့် အလှူဒါနပေးပြီး သီတင်းသီလဆောက်တည်လေသည်။ စေတီတစ်ဆူကိုလည်း တည်ထားကိုးကွယ်ခဲ့ရာ နောင်သောဘဝ တွင်သူတစ်ပါး၏ ကျွန်ဘဝမှလွတ်မြောက်ပြီး စည်းစိမ်ချမ်းသာရပါလိုကြောင်းဖြင့် ထိုစေတီတွင်အဓိဌာန်ပြု ဆုတောင်းခဲ့၏။ ထိုစေတီကိုမနူဟာစေတီဟု ခေါ်ခဲ့၏။ ပုံဂံညောင်ဦးမြို့နယ် မြင်းကပါရွာတွင်မနူဟာ စေတီကို ယနေ့တိုင်ဖူးမြော်နိုင်ပေသေးသည်။ စေတီတွင်းရှိဘုရားကို ကျပ်ကျပ်တည်းတည်း တည်ထားခဲ့ရာ မိမိမည်မျှကျဉ်းကျပ်စွာနေခဲ့ရကြောင်းကို နောင်လာနောက်သားအားသိစေလိုဟန်တူ၏။ ထိုအချိန်မှစ၍ ပအိုဝ်းမင်းဆက် ကွယ်ခဲ့သည်ဟုဆိုလေသည်။
ဦးကုလားမဟာရာဇဝင်ကြီး၊ ပထမအုပ် (စာမျက်နှာ ၁၈) တွင် ဤသို့ရေးသားဖော်ပြထား၏။
သုဝဏ္ဏဘုမ္မိတိုင်းအပါအဝင်သထုံပြည်တွင် ရှေးမင်းဆက်ပေါင်း ၁၅၀ အထိအုပ်ချုပ်ခဲ့၏။ ထိုမင်း ဆက်ပေါင်း ၁၅၀ အနက် ၁၄၇ ဆက်ကား ပအိုဝ်းမင်းဆက်ဖြစ်ပြီး သုံးဆက်သာလျှင်မွန်မင်းများဖြစ်သည်။ စာပေပုရပိုက်များအရ၊ ပအိုဝ်းများနေထိုင်ခဲ့သော သထုံပြညကိုအုပ်စိုးသော မနုဟာမင်းလက်ထက်၌ ဗုဒ္ဓ သာသနာအရောင်အတော်ပင် ထွန်းပြောင်နေချိန်ဖြစ်သည်။ ထိုမနူဟာမင်းမှာ ပအိုဝ်းမင်းဆက်ဖြစ်သည်ဟု ဆိုသည်။ ယင်းအချိန်တွင် သထုံပြည်တွင်ဗုဒ္ဓ၏ပရိယတ္တိ၊ ပိဋကတ်သုံးပုံရှိကြောင်း ရှင်အရဟံမှတစ်ဆင့် ပုဂံပြည်ရှင်အနော်ရထာမင်း ကြားသိတော်မှုသဖြင့် ပုဂံပြည်တွင်လည်းသာသနာအစစ်အမှန် ရောင်ဝါထွန်း စေလိုသောကြောင့် လူလွတ်၍ပိဋကတ်သုံးပုံကိုပင့်ဆောင်စေရာ အနုဟာမင်းက ငြင်းဆန်သဖြင့် သထုံပြည် သို့ စစ်ချီတိုက်ခိုက်တော်မှုသည်။
အနော်ရထာမင်း သထုံပြည်ကိုအောင်နိုင်တော်မှု၍ မင်းအဆက်ဆက်ကိုးကွယ်သော ရတနာပန်း ကောင်းဖြင့်ထားသော အမွေတော်မြတ်ကိုလည်း၊ အစုံသုံးဆယ်ရှိသော ပိဋကတ်တော်ကိုလည်းကောင်း ဆင်တော် ၃၂ စီးပေါ်တွင်တင်ဆောင် ယူတော်မှု၏။ သထုံပြည်ကို အနော်ရထာမင်း သိမ်းပိုက်ပြီးနောက် ပအိုဝ်းတို့သည် အေးချမ်းရာဒေသများကိုရှာဖွေကြသည်။
ပုဂံမပျက်မီ မြန်မာသမိုင်းစာအုပ်တွင် ’’မနူဟာကျောက်စာဟုခေါ်သော ကျောက်စာတစ်ချပ်၌ မနုဟာဘုရင်သည် အနိစ္စရောက်သည့်အချိန်ထိ ပုဂံတွင်သုံ့ပန်းအဖြစ်နေခဲ့ရကြောင်း ယင်း၏အဆက် အနွယ်များမှာလည်း ပုဂံ၌ပင်ဆက်လက်နေထိုင်သွားခဲ့ကြောင်း’’ ဖော်ပြထားသည်။ ထို့ကြောင့် မနုဟာနှင့် အတူပါသွားသော တောင်သူခေါ်ပအိုဝ်းတို့သည် ပုဂံသို့ရောက်ရှိနေထိုင်ခဲ့ကြဟု ဆိုနိုင်ပေသည်။
သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံ နေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇာဝင်တွင် ’’ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်တွက်ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကိုနှင့်ထုတ်ရသည်’’ဟုဖော်ပြ ထားသည်။ ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ ’’သုဝဏ္ဏပကာသနီကျမ်း’’…
အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ် ပင်ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ် သည်။ အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန်…
အလံဟူသည် အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခု ကိုသော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကိုလည်းကောင်း၊ အခြေခံကြသည် သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည့်…
သထုံကလေးခေါ်ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်သည့်အကြောင်းနှင့်ပက်သက်၍၊ တစ်ခါကဆီဆိုင်မြို့စားဖြစ်ခဲ့သော စဝ်ခွန်ကြည်၏မှတ်တမ်းမှ ဖော်ပြလိုပါသည်။ ရှမ်းဘားသာဖြင့် ’’ဆထုံး’’ ခေါ် မြန်မာဘာသာဖြင့် ’’သထုံ’’ မည်သော ဤသထုံသည်မြန်မာပြည် တနသာၤရီမှပအိုဝ်းလူမျိုးတို့သည် အောက်မြန်မာပြည်ရှိ သထုံပြည်ပျက်စီးပြီးနောက်…
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာ သောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍…