အလံဟူသည်
အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခု ကိုသော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကိုလည်းကောင်း၊ အခြေခံကြသည် သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည့် အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်နည်း အားဖြင့် အလံသည် ရည်ရွှယ်ချက်တစ်ခုခု(သို့မဟုတ်) အကြောင်းကိစ္စတစ်ခုခုအတွက် အမှတ်အသား (သို့မဟုတ်)အထိမ်းအမှတ်တစ်ခုအဖြစ် အသုံးပြုသော ရောက်စုံခြယ်ပိတ်စတစ်မျိုးဖြစ် သည်။ အလံ ဟူသောစကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည့် အရာဟူ ၍လည်းကောင်း၊မြန်မာအဘိဓာန်ကျမ်တွင် အလံ သည် အရောင်ပုံစံအမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍လွင့်ထူရသောအဝတ် (သို့မဟုတ်) စက္ကူဖြင့် ပြုလုပ်ထားသည့်အရာဟူ၍ လည်းကောင်း၊အဓိပ္ပါယ်ဖွင့်ဆိုထားသည်။အမျိုး သားအလံ (သို့မဟုတ်) နိုင်ငံ တော်အလံမှာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ ယခုခေတ်နိုင်ငံ တိုင်း၌ရှိသော အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော်အသီးသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိ မာန် ပြင်းထန်တက်ကြွစေရန်အလို့ငှါ မိမိတို့ တိုင်းပြည်နှင့် သက်ဆိုင်ဆီလျော်စွာ သတ်မှတ်ပြဋ္ဌန်းထားသည့် အလံ များဖြစ်ကြသည်။
နိုင်ငံတော်အလံသည် သက်ဆိုင်ရာနိုင်ငံ၊ နိုင်ငံသူနိုင်ငံသား၊ နိုင်ငံအစိုးရနှင့်ထိုအစိုးရ၏ ရည်မှန်း ချက်များကို ကိုယ်စားပြုသည်။ နိုင်ငံသူနိုင်ငံသား အများအပြားက မိမိတို့နှင့်သက်ဆိုင်ရာ နိုင်ငံတော်အလံ၏ ဂုဏ်အသရေ မညှိုးနွမ်းရလေအောင် ကာကွယ်စောင့်ရှောက်ရင်း အသက်စွန့်ခဲ့ကြပြီးဖြစ်သည်။ မိမိတို့နိုင်ငံ တော်၏အလံကို ဂုဏ်ပြုရန်၊ လေးစားကြရန်မှာ နိုင်ငံသားတိုင်း၏ အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်။ အမျိုးသားအလံ၊ နိုင်ငံတော်အလံသာ မက စစ်တပ်၏ အမှတ်အသား တက္ကသိုလ်ကျောင်း၏ အမှတ်အသား ၊ဘုရင်များ၏ အမှတ်အသား ၊အယူဝါဒဆိုင်ရာ အမှတ်အသား ၊ အသင်းအဖွဲ့ဆိုင်ရာ အမှတ်အသား၊ အချက်ပြရန် အမှတ်အသားဆိုင်ရာ အလံများစွာ ရှိကြသည်။ အလံကို တစ်ဦးချင်း ၊တစ်ယောက်ချင်း၊ အများစုပေါင်း၍ ဦးတည်ချက်၊ ရည်မှန်းချက် ၊အောင်မြင်မှုကို အခြေခံ၍ အ သွင်သဏ္ဌာန် ပုံစံအမျိုးမျိုး ဖော်ဆောင်လေ့ရှိုကြသည်။ ထို့ကြောင့် အလံများတွင်ပါရှိသော အမှတ်အသားများသည် သက်ဆိုင်ရာ အဖွဲ့အစည်း၏ လေးနက်သော သရုပ်ဖော်ချက်များပင်ဖြစ်သည်။ နိုင်ငံသားတိုင်း မိမိနိုင်ငံ၊ မိမိလူမျိုး၏ အလံတော်ကို တွေ့မြင်ရတိုင်း အားမာန်တက်ကြွ၍ နိုင်ငံချစ်စိတ်၊ ဇာတိမာန်စိတ်ဓါတ်များ နိုးကြားတက်ကြွ လာကြသည်။
အလံများ၏သမိုင်း
လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင် သော အမှတ်အသားအဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွှယ်ချက်များနှင့်သင့်လျှော်သည့် ကျေးငှက် တိရစ္ဆာန်တို့၏ရုပ်ထု စသောအရာဝတ္ထုများကို အသုံးပြုခဲ့ကြသည်။ နောင်တွင်အလံကို ပုံပန်းသဏ္ဌာန် အရွှယ်အစားအမျိုးမျိုး၊ အခေါ်အဝေါ်အသုံးအနှုန်း အဆင့်ဆင့်ပြောင်းလျက်၊ သုံးစွဲလာခဲ့ ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာစသည်တို့သည် အလံများ၏ ရှေ့ပြေးဟုဆိုရပေ မည်။ တံခွန်၊ ကုက္ကား ၊ မုလေးပွား ၊ကြက် လျှာများသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင် စတင်အသုံးပြုခဲ့ကြသည်။ တံခွန်၊ ကြက်လျှာတို့ကို ခြေပြုမြစ်ဖျားခံ၍ တစ်စတစ်ဖြင့် မျက်မှောက် ခေတ်အလံများကို ကျယ်ပြန့်စွာ သုံးစွဲလာခဲ့ကြသည်။
ခရစ်နှစ်မပေါ်မီ အနှစ်(၉၀၀)ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ၊ စစ်အလံများ သုံးစွဲခဲ့ကြပုံကို ထိုခေတ် ကထုလုပ်သော ကျောက်ရုပ်များ အိုးခွက်များပေါ်၌ တွေ့မြင်ခဲ့ရသည်။ အလံကိုအဝတ်စ ဖြင့်ချုပ်လုပ် အသုံး ပြုခြင်းကို ရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့် အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံ့သွားခဲ့သည်ဟုဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧက ရာဇ်များသုံးသော အလံတော်သည် ယခုခေတ်အလံ တော်များနှင့် နီးစပ်တူညီသည်ဟု ဆိုနိုင်ပါသည်။ အရှေ့တိုင်းတွင် အလံကို ရှေးအကျဆုံး အသုံးပြု ခဲ့သောနိုင်ငံမှာ တရုတ်နိုင်ငံနှင့် အန္ဒိယနိုင်ငံတို့ပင်ဖြစ် သည်။ အိန္ဒိယနှင့် တရူတ်နိုင်ငံတို့မှ တံခွန် များ၊ အလံများ ကိုင်ဆောင်သုံးစွဲသည့် အလေ့အထသည် မြန်မာ ၊ထိုင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ပျံ့နှံ့ ရောက်ရှိသွားသည်။
မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့် စပ်လျင်း၍ အထောက်အထားများ မတွေ့ရှိသော် လည်း သမိုင်းအလယ်ခေတ် သက္ကရာဇ်(၈၄၂)မှ (၈၄၃)ခုနှစ်ထိ စိုးစံခဲ့သော ဒုတိယမင်းခေါင် လက်ထက်တော် အခါ၌ စတင်တွေ့ရှိရသည်။ ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စား ပြုသော(သို့မဟုတ်) နိုင်ငံတော်ကိုကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကို သတ်မှတ်ထားရှိ ကြောင်းတွေ့ရှိရသည်။ မင်းတုန်းမင်းတရားကြီးလက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံအဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်မင်း ဆက်နောက်ဆုံးတိုင်အောင် ဒေါင်းအလံကို မြန်မာ အမျိုးသားအလံအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံအဖြစ်လည်းကောင်း သတ်မှတ်ခဲ့ကြောင်း ပေါ် လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ ဆရာစံလယ်သမားအရေးတော်ပုံအလံတွင် ကြက်လျှာစွန်း အလံ၊ အဖြူရောင် တွင် နဂါးကိုဂဠုန်သုတ် ဟန်ရေးဆွဲ၍ အသုံးပြုခဲ့သည်။
၁၉၃၈-ခုနှစ် မတ်လတွင် ပြည်မြို့၌ ကျင်းပပြုလုပ်သော တို့ဗာမာအစည်းအရုံး တတိယ ညီလာခံ အစည်းအဝေးတွင် သုံးရောင်ခြယ် အလံ၏အလယ်၌ ဒေါင်းအလံအလုပ်သမားနှင့် တောင်သူလယ်သမား လူတန်းစားကိုအခြေခံသော တံစဉ်အမှတ်အသားကို ပြောင်းလဲသတ်မှတ် အသုံးပြု ခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံကိုလိုနီ ဥပဒေပြုလွတ်တော်တွင် အင်္ဂလိပ် ဘုရင်မင်းမြတ်၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး ၊အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်း ဆေးရောင်ခြယ်ထားသော ဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်းရင်းဘက် အထက်ထောင့်တွင် ဗြိတိသျှယူနီဂျက်အလံ အမှတ် အသားပါရှိသောအလံကို ကတ်မှတ်ပေးခဲ့သည်။
ဂျပန်ခေတ် ဘီအိုင်အေအလံ၌ အလယ်စက်ဝိုင်း အဖြူအတွင်း ဒေါင်းသဏ္ဌာန်ပါ အဝါ၊ အစိမ်း၊ အနီ သုံးရောင် ခြယ်အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ် ၊ဘီဒီအေအလံကိုလည်း အဆိုပါ အလံကိုပင် အနည်းငယ်ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။၁၉၄၅-ခုနှစ်၊ မတ်လ(၂၇)ရက် ဂျန်ပန် တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်းရင်းဘက်တွင် ကြယ်ဖြူတစ် ပွင့်ရှိ သောအလံတော်ကို အသုံးပြုခဲ့သည်။ ဂျန်ပန်တော်လှန်ရေးအပြီး အသစ်ပြန်လည်ဖွဲ့စည်းသော (ဖဆပလ) အဖွဲ့၏အလံကိုလည်း တော်လှန်ရေးတွင် အောင်ပွဲရခဲ့သော အလံတော်ကိုပင် ဆက်လက်၍အသုံးပြုခဲ့ကြ သည်။ ၁၉၄၇-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက်တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ အထိမ်းအမှတ်သီချင်းနှင့် မြို့တော်ကို ၁၉၄၇-ခုနှစ်၊စက်တင်ဘာလ(၂၄)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒ၌ ထည့်သွင်းရေးဆွဲ အတည်ပြုပေးခဲ့သည်။
ပအိုဝ်းတိုင်းရင်းသားများ ပထမဦးဆုံး အသုံးပြုခဲ့သောအလံမှာ ၁၉၂၈-ခုနှစ်၊ ဖြားတန်ကောင်ခယ် ဦးဆောင် သောပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးအလံဖြစ်သည်။ ၎င်းအလံသည် အလျား(၉)ပေ၊ အနံ(၅)ပေရှိသော အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်၏ အလယ်ဗဟို တည့်တည့်တွင် အဖြူရောင်စက် ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်းရင်းဘက်သို့မူထားသော ထိုင်နေသည့်ထိုင်နေသည့် ခြင်္သေ့ပုံပါရှိသည်။ အစိမ်းရောင်၏အဓိပ္ပါယ်မှာ နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ရွှင်လန်းခြင်းနှင့် အေး ချမ်းသာယာခြင်းကို ဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာတည်ငြိမ်သော သဘောဆောင်သည်။ ခြင်္သေ့သည် ခွန်အားကြီးမား၍ လျက်မြန်သွက် လက်ပေါ့ပါးစွာ လှုပ်ရှားနိုင်သော အစွမ်းရှိသည်။
ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် အမျိုးသားလှုပ်ရှား မှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ လွတ်လပ် ရေးရှိရန် ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆-ခုနှစ်တွင် ပထမပင်လုံညီလာခံနှင့် ၁၉၄၇-ခုနှစ်တွင် ဒုတိယပင်လုံ ညီလာခံကျင်းပနိုင်ကြပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန် တောင်တန်းတိုင်းရင်းသားများနှင့် သဘောတူညီမှုရရှိခဲ့သည်။ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားလာ ကြသည်။ ၁၉၄၆-ခုနှစ်တွင် တောင်ကြီး ဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့်ဆီဆိုင်ဒေသအတွင်း ပအိုဝ်း အမျိုးသားများကို စတင်စည်းရုံခဲ့သည်။ ၁၉၄၇-ခု နှစ်တွင် ပအိုဝ်းအမျိးသား ကိုယ်စားပြု ပအိုဝ်းလွောင်းဗူး (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ပအိုဝ်းလွောင်းဗူး ဥက္ကဌအဖြစ် ဦးဘိုးခင်အားလည်း ကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင်အားလည်းကောင်း ရွေးချယ်တင် မြှောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသားကိုယ်စားြုပု ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းမှု၏အလံမှာ အလျား(၉)ပေ၊ အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်းအလယ်တွင် ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပအိုဝ်းလွောင်းဗူး (ခေါ်)ပအိုဝ်းစုစည်းအဖွဲ့အစား ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် အတိုကောက်အား ဖြင့် (ပအမဖ)ကို အမည်ပြောင်း၍ အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ၏ဥက္ကဌ ဗိုလ်ဟိန်းမောင်အားလည်းကောင်း ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ခဲ့ကြသည်။
၁၉၅၀ပြည့်နှစ်မှစ၍ ပြည်ထောင်စုအမျိုးသားအဖွဲ့ချုပ်(ပအမဖ) အမှုဆောင်များနှင့် ပအိုဝ်းအမျိုး သားခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ်အထူးလိုအပ်လှသော ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (ပအမဖ)ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေကိုပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေတွင် နိဒါန်း၊ အခန်း(၈)ခန်းနှင့် နိဂုန်းဟူ၍ ပါရှိခဲ့သည်။ အခန်း(၁)အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာ အလျား(၉)ပေ၊ အနံ(၅)ပေ အချိုးဖြစ်၍ အလံတော်၏ ထက်ဝက်(၂ပေ၊ ၆လက်မ) အောက်ခံသည် အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်းရင်း ဘက်အပြာရင့်ရောင်၏ အလျား(၄ပေ၊ ၆လက်မ) ၊အနံ (၂ပေ၊ ၆လက်မ)၊ အဖျားဘက်အနီရောင်၏ အလျား(၄ပေ၊ ၆လက်မ)၊ အနံ(၂ပေ၊ ၆လက်မ) ရှိရမည်။ အပြာရင့်ရောင်၏ အထက်ထောင့်စွန်းတွင် အချင်း (၁၈)လက်မ ကြယ်ဖြူ ကြီးတစ်လုံးပါရှိသည်။ ဤအလံ တော်မှာ ယာယီသတ်မှတ်ချက်ဖြစ်သည်ဟူ၍ ဖော်ပြပါရှိခဲ့သည်။
ပအိုဝ်းအမျိုးသားအလံတော်ပါ ကြယ်နှင့်အရောင်များ၏ အနက်အဓိပ္ပါယ်ဖော်ညွန်းချက်မှာ ကြယ် တို့မည်သည် လမ်းခရီးတွင်ရပ်တန့်ခြင်းမရှိ၊ သွားမြဲခရီးကို မစွန့်၊ ခရီးစဉ်အတိုင်း ရှေ့သို့သာဆက်၍ ခရီးနှင် လေ့ရှိခြင်း၊ ကမ္ဘာကြီးဖြစ်တည်ခဲ့သည့် အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ရှိ ခြင်း စသည့်အရည်အသွေး များရှိသည့်အပြင် ပအိုဝ်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြု၍ တစ်လုံးတည်း သောကြယ်ကို သတ်မှတ်ရခြင်းဖြစ်သည်။ အစိမ်းရင့်ရောင်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်းရှိခြင်း အဓိပ္ပါယ်ဆောင်သည်။ အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သွတ်လက်ဖျတ် လတ်ရှိခြင်း အဓိပ္ပါယ်ဆောင်သည်။ အပြာရင့်ရောင်သည် အိန္ဒြေရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အဓိပ္ပါယ်ဆောင်သည်။ အလံ၏အရွယ်အစားမှာ ကြီးငယ်မဟူ ထိုအမျိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါအလံတော်ကို ၁၉၅၅-ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) ညီလာခံမှ အတည်ပြု ကြောင်းဆုံး ဖြတ်ခဲ့သည်။
အလံကြယ်နှင့်အရောင်များ၏ ဖွင့်ဆိုချက်များ
(က) ကြယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံးအသုံးပြုလေ့ရှိကြောင်း တွေ့ရှိရသည်။ မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင် ကြယ်ကိုအဓိပ္ပါယ် ဖွင့်ဆိုထားသည်မှာ ညအခါ၌ ကောင်း ကင်တွင် အလင်းရောင် အပွင့်ကလေးများသဖွယ် မြင်ရသောကောင်းကင်ဗိမာန် နက္ခတ်တာရဟု ဖော်ပြ ထားသည်။ ကြယ်တို့သည်အေးမြ သောအလင်းရောင်ကို ပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန် မှာ ကြယ်များသည်လည်း နေကဲ့သို့ အလင်းရောအပူပါ လွှတ်ပေးလျက်ရှိသည်။ နေတွင်ရှိသော ဓါတ်သဘာ ဝအားလုံး ကြယ်တွင်ရှိသည်။ အချို့သော ကြယ်များသည် နေထက်အဆပေါင်းများစွာ ကြီးသကဲ့သို့ နေထက်အဆပေါင်းများစွာ ပိုမို၍တောက်ပကြသည်။ အားကောင်းသော မှန်ပြောင်းဖြင့် ကြည့်လျှင်ကြယ် ပေါင်းသိန်းတစ်ထောင်ခန့်ကို မြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်မရှိသော ကြယ်ပေါင်းများစွာလည်းရှိ သည်။ အလံများတွင်ကြယ်ဖြင့် အမှတ်အသားပြု၍ ဖော်ပြရခြင်းမှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ ခြင်းမရှိ၊ သွားမြဲခရီးကို အစွန့်ပစ်ခရီးစဉ်အတိုင်း နောက်တွန့်သည်မရှိဘဲ ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင် လေ့ရှိခြင်း၊ ကမ္ဘာဖြစ်တည်ခဲ့သည့် အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ဖြင့် တည်ရှိခဲ့ခြင်း စသောဂုဏ်၊ အရည်အသွေးများရှိခြင်းကြောင့်ပင်ဖြစ်သည်။
(ခ) အဖြူရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်များ
အဖြူရောင်သည် လမင်း၏အရောင်ဖြစ်၍ အေးချမ်းမှုကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ ကျစ် လစ်သိပ်သည်းခြင်း၊ သိမ်မွေ့နူးညံ့ခြင်း စသည့်အေးချမ်းသာယာတည်ငြိမ်သော သဘောကိုဆောင်သည်။ စည်းကမ်းရှိသော စည်းစနစ်ရှိသော၊ အစွမ်းသတ္တိရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကိုဆောင်သည်။ ဆေးရုံ များတွင် လူနာတင်ကုတင်၊ အိပ်ရာခင်း၊ ခေါင်းအုပ်စွပ်၊ ခန်းစည်းနှင့် ဆရာ ဝန်ဝတ်စုံများသည် အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကို မကျန်းမာသူလူမမာ တွေ့လိုက်ရုံ ဖြင့် စိတ်ချမ်းသာပြီး ရောဂါသက်သာစေ၍ သောက၊ ဒုက္ခများ ပြေပျောက်စေသည်။ ခေါင်းအုပ်စွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိက်မက်လိုလိုမက်တတ်သည်။ အရောင် တောက်ပသော ခေါင်းအုပ်စွပ်များနှင့် အိပ်စက် လျှင် အိပ်မက်ဆိုးများမက်တတ်သည်။
(ဂ) အနီရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်
အနီရောင်၏ အဓိပ္ပါယ်သည် ရဲရင့်ခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ ခြေမြန်လက်မြန်ရှိခြင်း၊ ပြိုင် ဘက်အပေါ် အနိုင်ရလိုမှုစိတ် ပြင်းထန်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ စိတ်ဓာတ်ကို တက်ကြွအောင် လှုံ့ဆော် ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကို စိတ်ဓာတ်တက်ကြွစေခြင်း စသောသဘောတရားများ ဆောင်သည်။ အားကစားသမားများ အနီရောင်ဝတ်စုံ ဝတ်ကစားလျှင် စွမ်းအင်များ အလိုလိုပြည့်ဝတိုးတက်ပြီး အနိုင်ရ လိုစိတ် ပြင်းထန်တတ်ကြသည်။ အနီရောင်ကို ကြိုက် နှစ်သက်သောလူများသည် ရဲစွမ်းသတ္တိရှိသူ၊ နိုးကြား တက်ကြွလှုပ်ရှားလိုသူ၊ အတိုက်အခိုက် ဝါသနာပါသူ၊ ဆွဲဆောင် စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။
(ဃ) အပြာရောင် အဓိပ္ပါယ်ဖွင့်ဆိုချက် အပြာရောင်၏ အဓိပ္ပါယ်သည် အိန္ဒြေရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း စသောအရည် အချင်းများရှိသည်။ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုကိုဖြစ်စေပြီး စိတ်ပြေပျောက်မှုအသွင်ကို ဖန်တီး ပေးနိုင်သည်။ အသက်ရှင်သန်မှုကို အားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မှုရလိုလျင် အပြာရောင်ကို အသုံးပြု လေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော၊ အေးချမ်းစွာနေထိုင်လိုသော၊ ပျှော်ရွှင်မှုကို မက်မောသောတတ်သော၊ ခံစားမှုများကို ထိန်းချုပ်နိုင်သောသဘောလည်းရှိသည်။ ထို့ ကြောင့်အပြာရောင်ကို ကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ၊ သူတစ်ပါး၏ မေတ္တာကို ခံယူလိုသူ၊ မေတ္တာထားတတ်သူဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊ အပြစ်ကင်းကင်းနေလိုသူများလည်း ဖြစ်တတ်ကြသည်။
(ဃ) အစိမ်း ရောင်အဓိပ္ပါယ်ဖွင့်ဆိုချက်
အစိမ်းရောင်၏အဓိပ္ပါယ်သည် နုပျိုလန်းဆန်းခြင်း ပေါ့ပါးသွက်လက်ခြင်း ၊ရွှင်ရွှင်လန်းလန်း ဖြစ်စေ ခြင်း၊ အိုမင့်ရင့်ရော်ခြင်းကိုတု်က်ဖျတ်ခြင်း၊ သဘောရှိသည့်အပြင် သစ္စာရှိသော၊ ကတိတည်သော၊ ကြင်နာ ဂရုဏာတရားကြီးမားသော၊ သူတစ်ပါးကိုကူညီတတ်သော၊ ချိုသာရည်မွန်သောသဘောများကို ဆောင်ပါ သည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်းသောသဘော ရှိသဖြင့် လယ်ကွင်းပြင်စိမ်းကို ကြည့်ရှုခြင်း သည် ခြောက်သွေ့နေသော ကန္တာကိုကြည့်ရှုရ ခြင်းထက်စိတ်ချမ်းသာမှု၊ အေးချမ်းသာယာပျော်ရွှင်မှုကို ပို၍ ဖြစ်စေသည်။ နိုင်ငံတကာဆေးရုံ၏ လူနာခြံစောင်များ၏ အရောင်မှာ အစိမ်းရောင်ကို အသုံးပြုလေ့ရှိသည်။ လေအေးပေး စက်တပ်ဆင်ထားသောအခန်းကို အနီရောင်ဆေး သုတ်ပေးခြင်းထက် အစိမ်းရောင်သုတ်ပေး ခြင်းက အအေးဓါတ်ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကြိုက် နှစ်သက်တတ်သူ သည်အပူပင်မရှိ၊ စိတ်ကူးရင် တတ်သူ ဖြစ်လေ့ရှိကြသည်။
သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံ နေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇာဝင်တွင် ’’ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်တွက်ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကိုနှင့်ထုတ်ရသည်’’ဟုဖော်ပြ ထားသည်။ ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ ’’သုဝဏ္ဏပကာသနီကျမ်း’’…
အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ် ပင်ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ် သည်။ အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန်…
သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီး မနုဟာမင်းကိုပေါက္ကံရာမပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋကတ် သုံးစုံနှင့်ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန်…
သထုံကလေးခေါ်ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်သည့်အကြောင်းနှင့်ပက်သက်၍၊ တစ်ခါကဆီဆိုင်မြို့စားဖြစ်ခဲ့သော စဝ်ခွန်ကြည်၏မှတ်တမ်းမှ ဖော်ပြလိုပါသည်။ ရှမ်းဘားသာဖြင့် ’’ဆထုံး’’ ခေါ် မြန်မာဘာသာဖြင့် ’’သထုံ’’ မည်သော ဤသထုံသည်မြန်မာပြည် တနသာၤရီမှပအိုဝ်းလူမျိုးတို့သည် အောက်မြန်မာပြည်ရှိ သထုံပြည်ပျက်စီးပြီးနောက်…
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာ သောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍…