ပအိုဝ်းနှင့် မွန်

1 year ago
warlwebwar

သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံ နေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇာဝင်တွင် ’’ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်တွက်ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကိုနှင့်ထုတ်ရသည်’’ဟုဖော်ပြ ထားသည်။ ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ ’’သုဝဏ္ဏပကာသနီကျမ်း’’ စာအုပ် တွင်မနုဟာမင်းသည် အရမညမင်း၏သားတော်ဖြစ်၏။ အရမညမင်း၏ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး…

ပအိုဝ်းအမျိုးသားနေ့

1 year ago

အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ် ပင်ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ် သည်။ အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန် စိတ်ဓာတ်များ၊ အမျိုးသားရေး စိတ်ဓာတ်များ ထက်မြက် ရှင်သန်ရေး၊…

ပအိုဝ်းအမျိုးသားတို့၏ အလံ

1 year ago

အလံဟူသည် အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခု ကိုသော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကိုလည်းကောင်း၊ အခြေခံကြသည် သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည့် အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်နည်း အားဖြင့် အလံသည် ရည်ရွှယ်ချက်တစ်ခုခု(သို့မဟုတ်)…

သထုံပျက်စီးခြင်း

1 year ago

သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီး မနုဟာမင်းကိုပေါက္ကံရာမပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋကတ် သုံးစုံနှင့်ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန် ပုဂံပြည်သို့ယူဆောင်ခဲ့၏။ မနူဟာမင်းကားတန်ခိုးကြီးသည်ဟု ဆိုလေသည်။ စကားပြောသောအခါတွင်လည်း ခံတွင်းမှ…

ဆီဆိုင်မြို့ကို တည်ထောင်ခြင်း

1 year ago

သထုံကလေးခေါ်ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်သည့်အကြောင်းနှင့်ပက်သက်၍၊ တစ်ခါကဆီဆိုင်မြို့စားဖြစ်ခဲ့သော စဝ်ခွန်ကြည်၏မှတ်တမ်းမှ ဖော်ပြလိုပါသည်။ ရှမ်းဘားသာဖြင့် ’’ဆထုံး’’ ခေါ် မြန်မာဘာသာဖြင့် ’’သထုံ’’ မည်သော ဤသထုံသည်မြန်မာပြည် တနသာၤရီမှပအိုဝ်းလူမျိုးတို့သည် အောက်မြန်မာပြည်ရှိ သထုံပြည်ပျက်စီးပြီးနောက် လာရောက်နေထိုင်ကြ သော ပထမရပ်ကွက်ဖြစ်သည်။ အောက်မြန်မာပြည်မှသထုံပြည်ကို အနော်ရထာမင်းစော…

ပအိုဝ်းလူမျိုးတို့ ဆင်းသက်လာပုံ

1 year ago

ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာ သောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍ ပြောင်းရွေ့ကြပြန် ၏။ ထိုသို့ပြောင်းရွေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊…