သထုံကလေးခေါ်ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်သည့်အကြောင်းနှင့်ပက်သက်၍၊ တစ်ခါကဆီဆိုင်မြို့စားဖြစ်ခဲ့သော စဝ်ခွန်ကြည်၏မှတ်တမ်းမှ ဖော်ပြလိုပါသည်။
ရှမ်းဘားသာဖြင့် ’’ဆထုံး’’ ခေါ် မြန်မာဘာသာဖြင့် ’’သထုံ’’ မည်သော ဤသထုံသည်မြန်မာပြည် တနသာၤရီမှပအိုဝ်းလူမျိုးတို့သည် အောက်မြန်မာပြည်ရှိ သထုံပြည်ပျက်စီးပြီးနောက် လာရောက်နေထိုင်ကြ သော ပထမရပ်ကွက်ဖြစ်သည်။ အောက်မြန်မာပြည်မှသထုံပြည်ကို အနော်ရထာမင်းစော တိုက်၍ပျက်ဆီး ပြီးနောက် နှစ်ပေါင်းမည်မျှကြာမှ လာရောက်နေထိုင်သည်ကိုကား မှတ်တမ်းများမရှိတော့သည်ကို ဖြစ်၍ မသိတော့ချေ။
မြန်မာပြည်သထုံမှလာရောက်၍ ရှေးဦးစွာပအိုဝ်းတို့နေထိုင်ကြသော ကရင်ဘာသာဖြင့် ’’ဆရီဒေါ့’’ ခေါ်၊ ယခုလွိုင်ကော်မြို့မှမြောက် ယခုသထုံ (ဆီဆိုင်မြို့)နှင့် ဘန်းယဉ်နယ်စပ်ထိနှင့်တစ်ဘက်ချောင်းမှ အရှေ့မောက်မယ်နယ်ရှိ တထူးကြီးအနောက်ဘက် တောင်တန်းအတွင်းရှိ ဧရိယာရပ်ကွက်သည်။ ထိုအခါ၌ ကရင်နီနှင့်ရှမ်းတို့၏စပ်ကြားရှိကရင်နှင့် ရှမ်းတို့နှစ်ဦးစလုံးလုံခြုံစွာ မနေနိုင်သောမြေကွက်ဖြစ်ဟန်တူ လေသည်။ အဘယ်ကြောင့်ဆိုသော်၊ ရှမ်းနှင့်ကရင်တို့လုံခြုံစွာမနေဝံ့သော မြေကွက်လပ်ပမာရှိသော ရပ်ကွက်တွင် ပအိုဝ်းများလာရောက်နေထိုင်သည့်အခါကျမှသာလျှင် ၎င်းလူမျိုးနှစ်မျိုးတို့သည် ခါတိုင်းထက် တိုက်ခိုက်ကြခြင်းနည်းပါးသွားသောကြောင့်ဖြစ်၏။
ထိုအခါ ယွန်းရှမ်းများသည် ဤသထုံ (ဆီဆိုင်မြို့) မည်သောဒေသတို့ကို အုပ်စိုးလွမ်းမိုးလျက်ရှိ သည်ဖြစ်၍ မြန်မာပိုင်များမဟုတ်သေးချေ။ အောက်မြန်မာပြည်သထုံသို့ မြန်မာမင်းများ ရောက်ရှိသည့်အခါ တိုင်းရင်းသားဖြစ်သော လူမျိုးများအကြောင်းကို စစ်ဆေးမေးမြန်းလျှင် မရှိတော့ကြောင်းသိရှိ၍ ယွန်းရှမ်းပိုင် ဖြစ်သော ဤသထုံမမည်သေးသည့်ဤရပ်ကွက်သို့ လူများစေလွတ်ခေါ်ဆောင်စေသည်။ အကြောင်းမသင့် ကြသဖြင့် အခေါ်လွတ်သောမင်းစေတို့အား လက်ဆောင်များပေးပြီး ’’မတွေ့ဘူး’’ဟုသာ မြန်မာဘုရင်ကို လျှေက်ကြားကြရန်မှာကြားပြီး လွတ်လပ်စွာနေထိုင်ခဲ့လေသည်။
ထိုသို့မြန်မာမင်းစေနှင့်တောင်သူလူကြီးများတို့ တွေ့ဆုံစကားပြောကြ၍ ’’မတွေ့ဘူး’’ ဟုပြောရန် မှာကြားသောနေရာကို ယခုသထုံနယ်အတွင်း ဆီဆိုင်အရှေ့မြောက်ဘက်ရှိ ’’တွေ့ပု’’ ဆိုသောနေရာသည် အထင်အရှားရှိပါသည်။ ကာလရွှေ့လျှောလာ၍ ၎င်းမြန်မာအခေါ်မှပအိုဝ်းအခေါ်သို့ တစ်စတစ်စသက်ပုံ ပြောင်းလာခြင်းကြောင့် လည်းကောင်း ’’တွေ့ဘူး’’ ဆိုသောစကားသည် ’’တွေ့ပု’’ ဖြစ်လာသည်။
မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်ရောက်မှသာလျှင် မြန်မာများနှင့်ပအိုဝ်းတို့တွေ့ဆုံကြသည်မှ အကျိုး အကြောင်းစိစစ်မေးမြန်းပြီးလျှင် ’’သထုံ’’ မှည့်သောအမည်နာမကိုရရှိလေသည်။ မြန်မာများနှင့်ပအိုဝ်းများ တွေ့ဆုံကြသည်မှာ သက္ကရာဇ် ၁၁၄၃ ခုနှစ်ထက်စောဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာမင်းတို့ ယိုဒယား (ထိုင်း) ကိုချီတက်တိုက်ခိုက်သည်တွင် တစ်စတစ်စနှိမ်နင်းပြီး ၊ မြန်မာပြည်နှင့်ယိုးဒယားပြည်သို့ သွားလာဆက်ဆံကြသည်မှအစပြု၍ တောင်သူတို့၏အကြောင်းသည်ပေါ်လွင်လာပြီး ၁၁၄၃ ခု ဘိုးတော် ဘုရားလက်ထက်ကျရောမှ “သထုံ”ဟု အမည်ပေး၍ပထဦးစွာ အသိအမှတ်ပြုခံရသူသည်လည်း၊ ’’ခွန်စံဦး’’ အမည်ကုခံယူလေသည်။ ခွန်မှာ ’’မင်း’’ ဟုအဓိပ္ပာယ်ရ၏။ ခွန်စံဦးအမည်၏အဓိပ္ပာယ်သည် ဦးဦးဖျားဖျား သထုံမည်သောရပ်ကွက်နယ်ပယ်ကို စိုးစံမြန်းသောမင်းဟူ၍ အဓိပ္ပာယ်ပေါက်လေသည်။
ခွန်အိုးသည် ထိုအခါ၌ သီပေါဘုရင်ကခန့်အပ်သောမြို့စားရာထူးကို ရရှိပြီးဖြစ်သည်။ ခွန်အိုးသည် ၁၈၉၆ ခု၊ ဇူလူိုင်လ ၂၂ ရက်နေ့တွင်အနိစ္စရောက်၍၊ ၎င်း၏သားခွန်လောဆက်လက်၍ နယ်ကိုဖွားစားသည်။ ခွန်လောပြီးနောက် ခွန်လောညီ ခွန်စိန်းဆက်ခံဖွားစားသည်။ ခွန်စိန်းသည် စုန်းမများကိုသတ်ဖြတ်ပြီး အိန္ဒိယတိုင်းရင်းသားကုလားတို့ကို နှိပ်စက်ညှဉ်းပန်းသည့်အတွက် မြို့စားရာထူးမှ နုတ်ပယ်ခြင်းခံရပြီး၊ ခွန်စိန်း၏သား၊ ခွန်ကြည်က ၁၉၂၉ ခု၊ ဇွန်လ ၁ ရက်နေ့တွင် သထုံနယ်ကိုဆက်ခံလေသည် ဟုရေးသားခဲ့ ပေသည်။
စပ်ခွန်ကြည်၏မှတ်တမ်းအရမူ ပအိုဝ်းတိုင်းရင်းသားတို့သည် အောက်မြန်မာပြည်သထုံမှနေ၍ ရှမ်းပြည်သို့ပြောင်းရွှေ့နေထိုင်လာခဲ့ကြသူများ ဖြစ်ကြောင်းထင်ရှားလေသည် ထို့ကြောင့် ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနော်ရထာမင်းစောတိုက်သဖြင့်၊ သထုံပြည်ပျက်သောအခါ ရှမ်းပြည်တောင် ပိုင်းသို့ အခြေချပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး သထုံကလေးခေါ် ဆီဆိုင်မြို့ကို တည်ထောင်ခဲ့ကြသည်ဟုယူ ဆရန်ရှိပေသည်။
၁။ ဆီဆိုင်မြို့စားစဝ်ခွန်ကြည်၏ မှတ်တမ်း (လက်ရးမူ)
သထုံကလေးခေါ်ဆီဆိုင်မြို့တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အကြီးအကဲများဆယ်နှစ်ဆက်အုပ် ချုပ်ခဲ့ကြသည်။ သူတို့သည် ပအိုဝ်းစစ်စစ်များဖြစ်ကြ၏။ ၎င်းတို့မှာ—
(၁) ခွန်မောင်ချုံ
(၂) ခွန်မောင်ဖြူ
(၃) ခွန်မောင်သာ
(၄) ခွန်မောင်နိုင်
(၅) ခွန်မောင်ထိုင်
(၆) ခွန်ပထီ
(၇) ခွန်ကုံရ
(၈) ခွန်အိုး
(၉) ခွန်လော
(၁၀) ခွန်စိန်း
(၁၁) ခွန်ကြည်
(၁၂) ခွန်ပြာ တို့ဖြစ်သည်။ အချို့က ဤသို့ယူဆပြောဆိုကြသည်
သထုံပျက်စီးပြီးသောအခါ ပအိုဝ်းတိုင်းရင်းသားတို့သည် မနူဟာမင်း၏ မြေးများဖြစ်ကြသည့် ခွန်မောင်နိုင်နှင့်ခွန်မောင်သာ ညီအစ်ကိုတို့၏ဦးဆောင်မူဖြင့် ရှမ်းပြည်နယ်သို့တက်လာ၏။ ယခုအခါ ပအိုဝ်း တိုင်းရင်းသားများ ရှမ်းပြည်နယ်သို့ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၉၀၀ ကျော်ပေပြီ။အစ်ကိုဖြစ်သူ ခွန်မောင်သာသည် သက္ကရာဇ် ၄၂၀ တွင် ’’လွယ်ပွတ် ’’ ရွှာကိုတည်၏။ ခွန်မောင်သာသည် သထုံပြည်မှယူ လာသည့် ရေတစ်မူတ်နှင့်ပြာတစ်ဆုပ်ကို လွယ်ပွတ်ရွှာတွင်ဌာပနာသည်ဟုဆို၏။
ဆီဆိုင်မြို့မှာ အကြီးနှင့်အငယ်ရှိ၏။ ယခုဆီဆိုင်မြို့မှာ ဆီဆိုင်ငယ်ဖြစ်၏။ ဆီဆိုင်ကြီးမှာ ယခုဆီဆိုင်မြို့၏အရှေ့ဘက် ၂ မိုင်အကွာတွင်ရှိ၏။ဆီဆိုင်ကြီးကိုယခုအခါ ’’ဝါးတောရွာ’’ ဟုခေါ်၏။ ဆီဆိုင်ငယ် ’’(ယခုဆီဆိုင်မြို့)’’ ကို သက္ကရာဇ် ၄၅၈ ခုတွင်တည်၏။
ဆီဆိုင်ဟု ခေါ်ရခြင်းအကြောင်းမှာ—
မဏိစည်သူမင်းတိုင်းခန်းလည့်လည်ရာတွင် ဆီဆိုင်နယ်သို့ ရောက်ရာနမ်းကပ်ရွာတွင်စခန်းချ၏။ နမ်းကပ်ရွာတွင်ထူးဆန်းသော ကြက်ဖတစ်ကောင်ရှိ၏။ ထိုကြက်ဖတွန်လျှင် မိုးကြီးးရွာ၏။ မိုးချုန်း၏။ မိုးကြိူးပစ်၏။ လေတိုက်၏။ ကြက်ဖပိုင်ရှင်သည် မိမိကြက်ဖမှာ ထူးဆန်းလွန်းသဖြင့် မဏိစည်သူမင်းကို ဆက်ပြီး အကျိူးအကြောင်းလျှောက်လေ၏။
မဏိစည်သူမင်းသည် အကြာင်းစုံသိပြီးသောအခါ ထိုကြက်ဖကို ဟင်းလျာအဖြစ်စီမံရန် ကျေးကျွှန် တို့အားစေလိုက်သည်။ ကြက်ဖ၏ခြေထောက်မှ အတက်ကိုမူသိမ်းထားစေ၏။ ကျေးကျွန်တို့သည်ကြက်ဖ ကိုသတ်ပြီးသောခါ မဏိစည်သူမင်းသည် ကျေးကျွန်တို့နေရာသို့ရောက်သောအခါ ကြက်မွေးနုတ်ရာတွင် ဆွတ်သည့် ရေနွေးရှိနေသေးသည်။ မဏိစည်သူမင်းသည်ထိုရေနွေးကို မြေပေါ်သို့သွန်လိုက်ပြီး ’’ငါသွန် လိုက်သောရေပူသည် ရေပူသာပြန်ထွက်စေ’’ ဟုအဓိဌာန်ပြု၏။ ထို့ကြောင့် ထိုနေရာတွင် ယနေ့တိုင်ရေပူ စမ်းရှိနေခြင်းဖြစ်သည်ဟု ဆိုစမှတ်ပြုကြသည်။
မဏိစည်သူမင်းသည် ကျေးကျွန်တို့ချက်ပြုတ်ပေးသည့် ကြက်သားဟင်းလျာကို ရေပူစမ်းနှင့် တစ်မိုင်ဝေးသည့်နေရာတွင်ပွဲတည်ရာ ဟင်းခတ်ရာ၌ဟင်းဖိတ်သွား၏။ ထိုနေရာကိုယနေ့တိုင် ’’ဝမ်ကြတ်’’ ဟုခေါ်သည်။ ဟင်းဖိတ်သည့်နေရာဟု အဓိပ္ပာယ်ရ၏။ ကျေးကျွန်တို့သည် ကြက်သားဟင်းထည့်သည့် ပန်းကန်ကွဲသွားရာ အရှေ့တောင်ဘက်သို့ လွင့်ပစ်လိုက်၏။ ပန်းကန်ကွဲသွားရာထိုနေရာကို ’’ဝမ်တက်ရွာ’’ ဟုခေါ်၏။ ယခုအခါရွာမရှိတော့ပေ။
မဏိစည်သူမင်းသည် နမ်းကပ်ရွာတွင်ရွေတဂူဘုရားကိုတည်ထားတော်မူခဲ့၏။ အပြန်တွင်ရွေတဂူ ဘုရား၏အရှေ့မြောက်တွင် ထူးဆန်းသည့်ကြက်ဖ၏ခြေထောက်မှ ယူထားသောကြက်အတက်ကို ချိန်ကြည့်တော်မူသည်။ ထိုနေရာကို ’’ဆန်းသိင်’’ ဟုခေါ်၏။ ကြက်အတက်ချိန်ပြီးနောက် အရှေ့မြောက် အရပ်သို့ တိုင်းခန်းလည့်လည်ရာ ကျောက်နှင့်တူသည်ကြက်ဖ၏ အတက်သွေးကြည့်သည်။ ထိုနေရာကို ’’ဆီသိင်’’ဟုခေါ်၏။ ထို့ကြောင့် ယခုဆီဆိုင်မြို့မှာ ’’ ဆီသိင်’’ မှရွေ့လျောသည်ဟု သက်ကြီးရွယ်အိုများထံမှ မှတ်သားခဲ့ရဖူးပါသည်။
သုဝဏ္ဏဘူမိဒေသတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်တိုင်းရင်းသားတို့နှင့်နီးကပ်စွာဆက်ဆံ နေထိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ဦးဘသန်း၏ ကျောင်းသုံးမြန်မာရာဇာဝင်တွင် ’’ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်တွက်ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကိုနှင့်ထုတ်ရသည်’’ဟုဖော်ပြ ထားသည်။ ပအိုဝ်းဘာသာဖြင့်ရေးသားထားသည့် ပင်စုံတောရဆရာတော်၏ ’’သုဝဏ္ဏပကာသနီကျမ်း’’…
အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ် ပင်ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ် သည်။ အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန်…
အလံဟူသည် အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခု ကိုသော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကိုလည်းကောင်း၊ အခြေခံကြသည် သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည့်…
သာသနာသက္ကရာဇ် ၁၆၀၁ ခု၊ ကောဇာသက္ကရာဇ် ၄၁၉ ခုတွင် အနော်ရထာ (အနိရုဒ္ဓ) မင်းသည် သထုံပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီး မနုဟာမင်းကိုပေါက္ကံရာမပုဂံပြည်သို့ ခေါ်ဆောင်သွား၏။ ပိဋကတ် သုံးစုံနှင့်ကျမ်းဂန်တတ်ဆရာတော်များ၊ ပစ္စည်းဥစ္စာပါမကျန်…
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသောတိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာ သောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍…